Pages

Pages

ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်း





MNP ၊   ဇူလိုင် ၄

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့၊ နံနက် ၁၀ နာရီက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သင်္ကန်းစုံများနှင့်ကျောင်းအသုံး အဆောင်ပစ္စည်းများအား သွားရောက်ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။


ထိုသို့လှူဒါန်းပေးရာတွင် ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူတို့က မြို့မပရိယတ္တိ ဘုန်းတော်ကြီးကျောင်းတိုက်၊ ပဓနနာယက၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ကြီးထံမှ ဩဝါဒခံယူပြီး၊ သံဃာတော်များအတွက် သင်္ကန်းစုံများ၊ ကြာဆံခြောက်၊ မုန့်ဟင်းခါး ခြောက်နှင့်ကျောင်းအသုံးအဆောင်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။


  ထိုနောက် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန်ရှိသူတို့က  ရွှေတောင်တန်း ဘုန်းတော်ကြီးကျောင်းတိုက်နှင့်ခေမာရာမ ပရဟိတဘုန်းတော်ကြီးကျောင်း တိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော်ကြီးတို့အား ဖူးမြော်ကြည်ညိုကန်တော့ပြီး၊ ကျောင်းအ သုံးဆောင်ပစ္စည်းများနှင့်ကြာဆံခြောက်၊ မုန့်ဟင်းခါးခြောက်များ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment