Pages

Pages

ရုရှား - မြန်မာ ပူးပေါင်း၍ Mobile သဘာဝဓာတ်မြေသြဇာထုတ်စက်ရုံ အသေးစား (၃)ခု တည်ဆောက်ရေး ဆွေးနွေး


MNP ၊ ဇူလိုင် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် LLC Souznedra ၏ဥက္ကဋ္ဌ Mr. Artemiy Alimov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့က ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Mobile သဘာဝဓာတ်မြေဩဇာ ထုတ်စက်ရုံ အသေးစား (၃)ခု တည်ဆောက်ရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝမြေဩဇာစက်ရုံများ တည်ဆောက်ရေး ဆောင်ရွက်မည့်နည်းလမ်းများ၊ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MyanmarNationalPost

No comments:

Post a Comment