MNP ၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ၊ ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့ ပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောင် တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင် သူ မြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ်ပွား ချီးမြှင့်တော် မူကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား ဝါဆိုသင်္ကန်း ၊ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်ထံမှ အနုမောဒနာ တရားနာ ယူကာ လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြ သည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံ တိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းကြပြီး ဆရာတော်အရှင်သူမြတ်များအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost







No comments:
Post a Comment