Pages

Pages

ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကလေးဝတ်ကျောင်းဝတ်စုံများနှင့်အမှိုက်ပုံးများ ထောက်ပံ့ပေးအပ်






MNP ၊ ဇူလိုင် ၁၂

          ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ယနေ့၊ နံနက်(၁၁)နာရီအချိန်က ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများသို့ ကလေး သူငယ်များအတွက် ကျောင်းဝတ်စုံများနှင့်အမှိုက်ပုံးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ထောက်ပံ့ရာတွင် ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များလိုက်ပါလျက်(၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် KG တန်းမှ Grade-3 အထိ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ)သို့ ကျောင်းဝတ်စုံ ၂၅၁ ထည်နှင့်အမှိုက်ပုံးတစ်လုံး၊ အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကျောင်းဝတ်စုံ ၁၇၂ ထည်တို့အား ထောက်ပံ့ပေးခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။


    ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းများနှင့်ဂူဝကျေးရွာအခြေခံပညာ မူလတန်းကျောင်းများတွင် KG တန်းမှ Grade-3 အထိ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ(၇၇၅)ထည်နှင့်အမှိုက်ပုံးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment