Pages

Pages

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်




MNP ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက  “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ” အခန်း(၃)ပါခေါင်းစဉ်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “ရငွေနှင့်သုံးငွေများ”ခေါင်းစဉ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက ငွေစာရင်းခေါင်းစဉ်၊ နောက်ဆက်တွဲငွေစာရင်းအုက်စု ခေါင်းစဉ်၊ ငွေစာရင်းခေါင်းစဉ်ကြီး၊ ငွေစာရင်းခေါင်းစဉ်ငယ်၊ နောက်ဆက်တွဲခေါင်းစဉ်ငယ်နှင့် ခေါင်းစဉ်ကလေး စသည့်ခေါင်းစဉ်ပါကြောင်းအရာများကို လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ) ဦးဇော်လင်းက ခေါင်းစဉ်သေး၊ အသစ်ဖြစ်သောအသုံးစရိတ်၊ ခွင့်ပြုငွေ၊ ခွဲဝေချထားငွေနှင့် ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်း စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။


အဆိုပါ “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည်ငွေစာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိနားလည်နိုင်မည် ဖြစ်သည်။


ဇော်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment