ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲကျင်းပ






MNP ၊ ဇူလိုင် ၁၃

တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေအရ ရှင်းလင်းဆွေးနွေးပွဲရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ဗိဿနိုးရှေးဟောင်းသုတေသနပြတိုက်၌ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ဗိဿနိုးဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်က ဗိဿနိုးကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ဆောင်ရွက်ရန်ရှိသည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။


ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အောင်ကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)