မဟာအောင်မြေမြို့နယ်၌ သံဃာ(၃၀၀)စာဘုံဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဟာအောင်မြေမြို့နယ်၌ သံဃာ(၃၀၀)စာဘုံဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ်



MNP ၊ ဇူလိုင် ၁၈

အထက်မြန်မာပြည် မန္တလေးမြို့တွင်သံဃာတော်များ အဆင်ပြေစွာသတင်းသုံးနေထိုင်တော်မူနိုင်ရန်အတွက် ဆွမ်းနှင့်အခြားလှူဖွယ်ပစ္စည်းများ လောင်းလှူပွဲကို မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ နေ့စဉ်ဆွမ်းခံကြွတော်မူသောဆရာတော်၊ သံဃာတော်များအား ယနေ့နံနက်(၅)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၆၇-၆၈ ကြား သိပ္ပံလမ်းပေါ်တွင် သံဃာအပါး(၃၀၀)စာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ကြောင်း သိရသည်။


ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ကောင်းမှုကုသိုလ်တစ်ခုဖြစ်သည့် ဘုံဆွမ်းလောင်းလှူဒါန်းမှုအား မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ဒေါ်ယုယုဇော်တို့မှ ဦးစီး၍ အလှူရှင်များနှင့် ရပ်ကွက်‌နေပြည်သူများ စုပေါင်း၍ဒုတိယအကြိမ် အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ရာ လစဉ်လဆန်း(၁)ရက်နေ့နံနက်ခင်းတိုင်း သံဃာအပါး (၃၀၀)စာ၊ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများဖြင့်လောင်းလှူလျက် ရှိကြောင်း သိရသည်။


အဆိုပါ ဘုံဆွမ်းလောင်းလှူဒါန်းမှုကို  မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဝေယျာဝစ္စ ကုသိုလ်ရှင်များမှကိုယ်တိုင်ချက်ပြုတ် လောင်းလှူခဲ့ကြောင်း သိရသည်။


အောင်ဇော်မင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)