စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၅) စက်မှုလယ်ယာစခန်း၊ ဟင်္သာတမြို့မှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁၅) စက်မှုလယ်ယာစခန်း၊ ဟင်္သာတမြို့မှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်လှစ်



MNP ၊ ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကုန်းကြီးကျေးရွာအုပ်စု၊ ကုန်ကြီးကျေးရွာရှိ ဟင်္သာတမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ အမှတ်(၂) အလတ်စား စက်ပြင်စက်ရုံ၌ ရိတ်သိမ်းခြွေလှေ့ စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဥ် (၁/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှု ဖြင့် (၁)ဧက (၁၀)တင်းနှုန်း အထွက်တိုးစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနေ ခြင်းဖြစ်ပြီး တောင်သူလယ်သမားများ အနေဖြင့်လည်း လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်သုံးစွဲနိုင်ရမည်ဖြစ်ကြောင်း၊ ယခု ဖွင့်လှစ်သည့် သင်တန်းအား ကျွမ်းကျင်သူများမှ စာတွေ့၊ လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားပြီး လေ့လာသင်ယူကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းမှ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ ပြီးနောက် တက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသားများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းတွင် သင်ကြားပို့ချပေးမည့် လယ်ယာသုံး စက်ကိရိယာများအား ကြည့်ရှုစစ်ဆေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုတင်မှ လိုက်လံရှင်းလင်းပြသခဲ့သည်။


အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ဟင်္သာတခရိုင် စိုက်/တိုး/မြှင့်အဖွဲ့ အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဟင်္သာတ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ အဖွဲ့ဝင်များ၊ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) သင်တန်း တက်ရောက် ကြမည့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ရိတ်သိမ်း ခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၃-၂၀၂၄)အား သင်တန်းသား(၃၀)ဦးဖြင့် (၁၇-၇-၂၀၂၃) ရက်နေ့မှ (၂၈-၇-၂၀၂၃) ရက်နေ့အထိ (၁၂)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)