ကလိန်အောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲ စာအုပ်စာစောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲ စာအုပ်စာစောင်ပြပွဲကျင်းပ




MNP ၊ ဇူလိုင် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


ဦးစွာ ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက ဝမ်းနည်းဖွယ်အထိမ်းအမှတ် တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ကျောင်းသူများ သိရှိနားလည်‌စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား လေးစားအမှတ်ရနေစေရန် ရည်ရွယ်၍  ယခုလိုဟောပြောပွဲကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည့်တို့ကို အမှာစကား ပြောကြားသည်။


‌ဆက်လက်၍ အထက်တန်းပြဆရာမ ဒေါ်သန္တာအောင်က အာဇာနည်နေ့ အထိမ်းအမှတ် ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားပေးသည်။


ပြီးနောက် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ ဒုတိယဦးစီးမှူး (တာဝန်ပေး)ဒေါ်ခင်ခင်ခင်လဲ့က တက်ရောက်လာကြသော ကျောင်း‌သား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နေ့ထူးနေ့မြတ်အကြောင်းကိုလည်းကောင်း၊ အာဇာနည်နေ့အထိမ်းအမှတ် ပေါ်‌ပေါက်လာပုံနှင့် သမိုင်းအကြောင်းများကို အသိပညာပေး ဟောပြောခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက နံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များကို စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။


အဆိုပါ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ၊ကျောင်းသားများမှ အာဇာနည်နေ့ပေါ်ပေါက်လာပုံ(ကဗျာ) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အာဇာနည်နေ့တို့မမေ့ (စာစီစာကုံး) ခေါင်းစဉ်နှင့် ပန်းချီ၊ ပို့စတာပြိုင်ပွဲများကို အသီးသီးပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ယင်း‌ဟောပြောပွဲသို့ ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ၊ ဆရာမများ၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာနမှ ဒုဦးစီးမှူး(တာဝန်ပေး) ဒေါ်ခင်ခင်ခင်လဲ့နှင့်ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။


ခင်ခင်လဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)