စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေး


MNP ၊ ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ကျေးရွာတောင်သူများကို ၂၀၂၃ ခုနှစ် မိုးရာသီ အတွက်  စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာနှင့် ပတ်သက်၍ စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ  မန်နေဂျာ  ဦးအောင်ဆန်းထွန်းက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်အရင်းအနှီးများ ရရှိစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပြီး တောင်သူလယ်သမားများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ခြင်းဖြင့်  လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ဘဏ်နှင့် တောင်သူများအကြား နှစ်ဦးနှစ်ဖက် အပြန်အလှန် တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို  သိန္နီကုန်းကျေးရွာ၊  မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊  သည်တည်းကျေးရွာ၊  မြောင်းဆုံကြီးကျေးရွာ၊ တရုတ်စု ရပ်ကွက်၊ မုန့်ပေါင်းကျေးရွာ၊  တောမ ကျေးရွာ၊  တောင်ရင်းကျေးရွာ၊  ရှမ်းကန်ကျေးရွာ  တောင်သူများကို နိုင်ငံတော်မှ သက်သာ သော အတိုးနှုန်းများဖြင့် ပဲအမျိုးမျိုး၊ နှမ်း၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဝါစသည့် သီးနှံများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း" ပြောကြားခဲ့သည်။


စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ကျေးရွာ(၁၀)အုပ်စုမှ တောင်သူ (၃၈၃)ဦးအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသော ကျေးရွာ အုပ်စုများမှ တောင်သူများကိုလည်း ချေးငွေများ ဆက်လက်ထုတ်ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကျော့မူယာမောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)