MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် မိုးရာသီတွင်ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့်အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက်က ဈေးဟောင်းပိုင်းရပ်ကွက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများပူးပေါင်း၍ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် လူနေအိမ်များရှိ ပိုးလောက်လန်းပေါက်ပွား စေနိုင်သော ရေလှောင်ကန်များ၊ ဘုရားညောင်ရေအိုး၊ ရေတင်နိုင်သည့် တာယာအဟောင်း၊ ဗူးခွံစသည့် နေရာများတွင် သွေးလွန်တုပ်ကွေးဖြစ်စေနိုင်သည့် ခြင်များပေါက်ဖွားမှု မရှိစေရန် ကြည့်ရှုစစ်ဆေးပြီး အုတ်ရေကန်နှင့် ရေအိုး၊ ရေပုံးများအား အဖုံးအုပ်ထားရန်၊ ရေတင်နိုင်သော ဘူးခွံပုလင်းခွံများ၊ ခြင်၊ ပိုးလောက်လန်းပေါက်ပွားနေသည့် ရေများအား သွန်ပစ်ရန်၊ ဘုရားညောင်ရေအိုးများ နေ့စဥ်လဲလှယ်ရန်၊ ပိုးလောက်လန်းများအား ရေစစ်ဖြင့် စစ်ထုတ်ရန်နှင့် အဘိတ်ဆေးများ ခတ်ခြင်း၊ ပိုးလောက်လန်းစားငါးများ ထည့်သွင်းမွေးမြူရန် ပြည်သူများအား လက်တွေ့သရုပ်ပြသခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သောင်းရွှေ
https://t.me/MyanmarNationalPost
No comments:
Post a Comment