မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲဆောင်ရွက်




MNP ၊ ဇူလိုင် ၁၄

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ နိသောကရာမဘုန်းတော်ကြီးသင်ကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ခြင်းအလေ့အထ ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ နယ်လှည့်အသိပညာပေးဟောပြောပွဲ ကို ဇူလိုင်လ ၁၃ ရက် နံနက် ၉ နာရီခန့်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ စာထောက်-၃ ဒေါ်မြမြရင်က ကျောင်းသား/သူများ စာဖတ်ခြင်းအလေ့အထနှင့် ဗဟုသုတတိုးပွားစေရန် မိမိတို့ဌာနအနေဖြင့် နယ်လှည့်အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်နေကြောင်းနှင့် ကျောင်းသူ/သားများ အနေဖြင့် စာဖတ်ခြင်းအလေ့အထကို ဆောင်ရွက်တတ်ရေးတို့ကို ဟောပြောခဲ့ပြီး    ကျောင်းသား/ကျောင်းသူများအား စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုစေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)