အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ


MNP ၊ ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များ စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန် ယနေ့ ၁၁ နာရီက လူငယ်စာပေဝါသနာရှင်များ စုပေါင်းပြီး နတ်သျှင်(ရွှေဂူ) ရေးသားသည့် “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခဲ့သည်။


ရှေးဦးစွာ မြို့နယ်ဦးစီးအရာရှိ ဒေါ်နွယ်နီမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် လူငယ်စာပေဝါသနာရှင်များက “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်တွင်ပါရှိသော “စာဖတ်ခြင်း အတတ်ပညာ၊ လူကြီးနှင့် လူငယ်၊ လူငယ်နှင့် အချိန်၏ တန်ဖိုး၊ လူငယ်နှင့် ရွှေရောင်အနာဂတ်ဆီသို့၊ လူငယ်နှင့် မျိုးဆက်အမွေ၊ လူငယ်နှင့် အပေါင်းအသင်း” စသည့် ခေါင်းစဉ်ပါအကြောင်းအရာ အချက်အလက်များကို ဖတ်ကြားပြီး မိမိသဘောထားအမြင်များဖြင့် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)