MNP ၊ ဇူလိုင် ၂၇
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းသည်။
ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ ေကျာက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာအုပ်စုသို့ သွားရောက်ပြီး ၎င်းကျေးရွာအုပ်စုရှိ ရှေးဟောင်းသမိုင်းဝင် ကျောက်တစ်လုံးဘုရားနှင့် ကျောက်တစ်လုံးဘုန်းတော်ကြီးကျောင်း ပရဝုဏ်အတွင်းရှိ အမှိုက်များ၊ ခြုံနွယ်၊ ပေါင်းပင်မြက်ပင်များ၊ ဘုရားရင်ပြင်တော်တွင် ကျရောက်နေသည့် အမှိုက်များကို ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်/ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် မြို့ပေါ်ရပ်ကွက် များရှိ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများမှ သတ်မှတ် ဘုန်းတော်ကြီးကျောင်း အသီးသီးတို့တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့အား ကြည့်ရှုအားပေးပြီး သန့်ရှင်းရေးပြုလုပ်နေသူများကို တိုင်းရင်းဆေးလုပ်ငန်းရှင်များမှ ပေးပို့လှူဒါန်းထားသည့် တိုင်းရင်းဆေးမျိုးစုံ အား ပေးဝေခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေး နှင့် တာဝန်ရှိသူများသည် ကျောက်တစ်လုံး၊ မဟာဗောဓိ တပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာဘာသအား ဖူးမြော်ကြည်ညိုပြီး မြို့နယ်အတွင်းမှ ထေရ်ကြီး၊ဝါကြီး ဆရာတော်ကြီးများကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost







No comments:
Post a Comment