ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များစွာ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်





MNP ၊ ဇူလိုင် ၁၂

မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေါင်မြို့နယ်   ( အထက ) ဇင်းကျိုက်ကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးထင်လင်းအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ ကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးထင်လင်းအောင် က အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒေါ်တင်ဇာစိုး က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က Moderator အဖြစ်ဆောင်ရွက်ပြီး ( အထက )ဇင်းကျိုက်ကျောင်း မှ  Grade – 11 ကျောင်းသား မင်းအောင်စော က   “လူငယ်နှင့်ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade - 11 ကျောင်းသူ မပန်းဆုအိမ် က   “လူငယ်နှင့်ယဥ်‌ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-10 မှ  မအေးသဇင်ဖူး က  “ လူငယ်နှင့် စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10  မှ  မောင်နိုင်လင်းဦး က  “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 ကျောင်းသူ မအိမ့်ဖူးစံ က  "လူငယ်နှင့် နည်းပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ( အထက )ဇင်းကျိုက် ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ Moderator ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး နှင့်  ဆရာ ဦးနွေထက်မိုး တို့က အသီးသီး 

က ပြန်လည်ဖြေကြားပေးခဲ့သည်။


ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ ( အထက ) ဇင်းကျိုက်ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၆၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)