မရမ်းကုန်းမြို့နယ်၌ ​​ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်​ရေးမှူးသင်တန်း(၂/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မရမ်းကုန်းမြို့နယ်၌ ​​ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်​ရေးမှူးသင်တန်း(၂/၂၀၂၃)ဖွင့်လှစ်


MNP ၊ ဇူလိုင် ၂၄      

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကမ္ဘာ​အေးဘုရားလမ်းရှိ ပြန်လည်ထူ​ထောင်​ရေးဦးစီးဌာန၊ မူးယစ်​ဆေးဖြတ်ပြီးသူများပြန်လည်ထူ​ထောင်​ရေးစခန်း(ရန်ကုန်)ရှိ Drug Training Center ၌ ယ​နေ့နံနက် ၁၀း၀၀ နာရီက စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်​ရေးမှူး သင်တန်း(၂/၂၀၂၃)ဖွင့်လှစ်ခဲ့သည်။


​ရှေးဦးစွာလူမှုဝန်ထမ်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး ဒုတိယညွှန်ကြား​ရေးမှူး ဦး​ကျော်သူနိုင်က အဖွင့်အမှာစကား​ပြောကြားခြင်း၊ ပြန်လည်ထူ​ထောင်​ရေးဦးစီးဌာန၊ မူးယစ်​ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူ​ထောင်​ရေးစခန်း(ရန်ကုန်)ဒုတိယညွှန်ကြား​ရေးမှူး​ဒေါ်ခင်​ဆွေလှိုင်က ယခုဖွင့်လှစ်​သောသင်တန်းသည် ပြန်လည်ထူ​ထောင်​ရေးခံယူပြီးသူများအ​နေဖြင့် ရပ်ရွာထဲ​ရောက်ရှိသည့်အခါ​ဆေးပြန်လည်မသုံးစွဲ​​စေ​ရေး ပူး​ပေါင်း​ဆောင်ရွက်သွားရန်၊ မူးယစ်​ဆေးသုံးစွဲသူ ပ​ပျောက်သွား​စေရန်၊ ဆုံးရှုံး​နေသည့် မူးယစ်​ဆေးစွဲ​နေသူလူငယ်များ၏လုပ်အားများ နိုင်ငံ​တော်ကုန်ထုတ်လုပ်ငန်းများတွင် အံဝင်ခွင်ကျပြန်လည်အသုံးပြုနိုင်ရန်၊ ရပ်ရွာအ​ခြေပြုပြန်လည် ထူ​ထောင်​ရေးစနစ် ​ပြန့်ပွားခိုင်မာလာ​အောင်​ဆောင်ရွက်​ပေးရန်စသည် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်​ကြောင်း ရှင်းလင်း​ပြောကြားပြီး မူးယစ်​ဆေးစွဲသူများ ပြန်လည်ထူ​ထောင်​ရေး အသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က နှုတ်ခွန်းဆက်စကား​ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကာလမှ(၂၄.၇.၂၀၂၃)ရက်​နေ့မှ (၂၈.၇.၂၀၂၃)ရက်​နေ့အထိ တစ်ပတ်တာ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်းနှင့် သင်တန်းသား(၂၀)ဦး တက်​ရောက်သင်ကြားမည်ဖြစ်​​ကြောင်း သိရသည်။


​အေး​အေး​အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)