ကျောက်ဆည်မြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် ရုံးပတီသီးနှံစိုက်ပျိုး ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် မိသားစုတစ်နိုင်တစ်ပိုင် ရုံးပတီသီးနှံစိုက်ပျိုး ရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိ


MNP ၊   ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ပတ္တာကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် ရုံးပတီသီးနှံ စိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများစားဝတ်နေရေး အဆင်ပြေလျှက်ရှိကြောင်း သိရှိ ရသည်။


ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ရေသွင်းရေထုတ် လွယ်ကူစေရန် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာ အစေ့တိုက်ရိုက်ချစိုက်ပျိုး ကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများဖြင့် အပင်ကြီး ထွားပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊ အပင်အပြုအစုကောင်းပါက (၃)လခန့်အထိ နေ့စဉ် ခူးဆွတ်ရောင်းချရကြောင်း ကိုင်းကျွန်းနုန်းမြေနုများတွင် စိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းကြောင်း သိရသည်။


ရုံးပတီသီးနှံ တစ်ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့် သွင်းအားစုအပေါ်မူတည်ပြီး ကုန်ကျငွေ ကျပ်(၁)သိန်းခွဲမှ(၂)သိန်းခြောက်သောင်းခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ပေါင်း (၆၀)ကျော်တွင် စတင်ခူးဆွတ်ရောင်းချရပြီး ရောင်းချရာတွင် ပွဲရုံသွင်းဈေး (၁)ပိဿာငွေကျပ်(၈၀၀)မှ (၁၂၀၀)ကျပ်အထိ ရောင်းချရပြီး လက်လီရောင်းချပါက ဈေးပို၍ ရောင်းချရကြောင်း ရုံးပတီသီးနှံစိုက်ပျိုးရောင်းချသူ ဦးထွန်းကျော်အောင်မှ ပြောပြ၍သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost





No comments:

Post a Comment