ဂွမြို့နယ်တွင် မိုးရာသီ အခြေခံ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် မိုးရာသီ အခြေခံ တိုက်ကွမ်ဒိုသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိ





MNP ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနက  မိုးရာသီ အခြေခံ တိုက်ကွမ်ဒိုသင်တန်းကို ရဟိုင်ကွင်းကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းနှင့် အလယ်တန်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ဇူလိုင်လ ၁၄ရက်နေ့မှ စတင်ပြီး ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။


အဆိုပါသင်တန်းသည် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်​ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြေခံ တိုက်ကွမ်ဒိုသင်တန်းအား ဇူလိုင်လ၁၄ရက်နေ့မှ ၂၃ရက်နေ့အထိ (၁၀)ရက်ကြာဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မင်းလွင်ထံမှ သိရသည်။


ရွှေရည် ဝင်းကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)