မွန်ပြည်နယ်၊ ရေးမြို့နယ်ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်၊ ရေးမြို့နယ်ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား



MNP ၊ ဇူလိုင် ၁၉

 မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။


မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေလိမ့်ဆင်းလာမှုကြောင့် ယနေ့နံနက်(၃)နာရီအချိန်မှစတင်ကာ ဟံဂံကျေးရွာအတွင်းသို့ ရေများစတင်ဝင်ရောက်လာကြောင်းနှင့် လက်ရှိဟံဂံကျေးရွာ အနိမ့်ပိုင်းရပ်ကွက်များဖြစ်ကြသည့် ရပ်ကွက် ၂/၃/၇/၈ အပိုင်းများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီး နေအိမ်တချို့အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။


“ရွာလယ်လမ်းပေါ်မှာကို ရေက(၃)ပေကျော်ကျော်လောက်ရှိတယ်။ တချို့နေရာတွေမှာ ရေက ရင်ညွန့်လောက်ဖြစ်နေတယ်။ ရေကတော့ အခုမနက်(၈)နာရီအချိန်အထိကို ဆက်တိုးနေတယ်။ ဒီ့ထက်ရေပိုများလာရင် ကယ်ဆယ်ရေးလုပ်ရတော့မယ့် အခြေအနေဖြစ်လာနိုင်တယ်”ဟု ဒေသခံတစ်ဦးကပြောကြားသည်။


လက်ရှိ ဟံဂံကျေးရွာအနိမ့်ပိုင်း ရပ်ကွက်များတွင် နေထိုင်ကြသူ တချို့ရေဘေးလွတ်လာသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။      


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)