​ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

​ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိ





MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွားများအား ယနေ့နံနက်ပိုင်းက လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏စီမဲံဆောင်ရွက်မှုဖြင့် ပေါက်တောမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးနှင့် ဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအဖွဲ့တို့သည်  အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြကြောင်းသိရသည်။


 ပေါက်တောမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ခု ဘဏ္ဍာ​ရေးနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လများအတွက် ပေါက်တောမြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား ၄၈၁ ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၀၀၀၀/- ကျပ်​ဖြင့် စုစုပေါင်း တစ်ရာ့လေးဆယ့်လေးသိန်းသုံးသောင်းကျပ် တိတိကို အသီးသီးပေးအပ်လျက်ရှိကြောင်းသိရသည်။


 ထို့ပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့်အသီးသီး ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)