ဗုဒ္ဓဥယာဉ်တော်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဥယာဉ်တော်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး





MNP ၊ ဇူလိုင် ၂၁

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ပူဇော်လျက်ရှိသော ဗုဒ္ဓဥယာဉ်တော်အတွင်းတွင် သာသနာ့ဗိမာန်တော်ကြီး ကို တည်ဆောက်ထားသည်။

သာသနာ့ဗိမာန်တော်ကြီး ကို အလျား ၂၉၆ ပေ × အနံ ၂၁၃ ပေ × အမြင့် ၉၄ ပေ တည်ဆောက်ထားပြီး သံဃာတော် အပါး ၉၀၀ နှင့် လူပုဂ္ဂိုလ် ၁၂၀၀ ဝင်ဆံ့အောင်တည်ဆောက်ထားပြီး ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ သာသနာ့ပါလလှိုင်ဂူတော်ကြီးတည်ဆောက်ထားမှုကို နည်းယူ၍ တည်ဆောက်ထားကြောင်း သိရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်း မဟုတ်ဘဲ ဦးဆောင်ဘုရားဒါယိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင် လှူဒါန်းမှုဖြင့် တည်ထားကိုးကွယ် ပူဇော်ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း က ရှင်းလင်းပြောကြားသွားခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)