မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးသည်းထန်စွာရွာသွန်းပြီး ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများ၌ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်၊ ရေဘေးသင့်ပြည်သူ များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်





MNP ၊ ဇူလိုင် ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ ဇူလိုင် ၁၈ ရက်နှင့် ယနေ့တို့တွင် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေကျဆင်းမှုများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်အတွင်း ရေဝင်ရောက် မှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ဝင် ၂၂၀ စုတို့အား အောင်သိဒ္ဓိကျောင်းတိုက်နှင့် အခြေခံပညာမူလတန်းကျောင်းသို့ လည်း ကောင်း၊ မော်လမြိုင်မြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်၊ ဈေးကြိုရပ်ကွက်၊ မြေနီကုန်းရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ လှိုင်ရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ နောင်ခရီရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်မှုများကြောင့် အဆိုပါရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူ အိမ်ထောင်စုဝင် ၁၃၆၁ စုတို့အား မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ကွက် ဓမ္မကာရီဓမ္မာရုံနှင့် မြေအမြင့်ပိုင်းရှိ နေရာများသို့လည်းကောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ကူညီပြောင်းရွှေ့နေရာချထားပေးပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် ထမင်းဘူးများ ထောက်ပံ့ပေးအပ်ပြီး ရေဝင်ရောက် ခဲ့သည့်နေရာများအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဇူလိုင် ၁၇ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေများ အဆက်မပြတ်ကျဆင်းလာမှု ကြောင့် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ ပါချန်မြစ်ကမ်းဘေးရှိ လုံးဖော ကျေးရွာ၊ အေးချမ်းသာကျေးရွာနှင့် ဖော့သုတ်ကျေးရွာများသို့ ရေဝင်ရောက်မှု များဖြစ်ပေါ်ခဲ့ရာ အဆိုပါကျေးရွာများရှိ လေဘေးသင့် ပြည်သူများအား သတ်မှတ် နေရာများသို့ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံ တပ်မတော်သားများက ပြောင်းရွှေ့နေရာ ချထားပေးပြီး လိုအပ်သည့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)