ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်စောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

MNP ၊ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၃ ခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့၊ အင်းခေါင်းကန်သဘာဝရေထွက်တောဧရိယာအတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်စွာဦးက သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ ဗထူးတပ်နယ်မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများကို ပျိုးပင်များအသီးသီးပေးအပ်ကြသည်။ ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကိုစိုက်ပျိုးကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို ဗထူးတပ်နယ်မှူးနှင့် တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင် ၂၅၀၊ ပျဉ်းကတိုးပင် ၁၅၀၊ မျောက်ငို ပင် ၃၀၀၊ ရေသင်းဝင်ပင် ၄၀၀၊ ကုက္ကိုပင် ၁၅၀၊ ခါတော်မီပင် ၂၀၀၊ ပိတောက်ပင် ၅၀၊ စုစုပေါင်း သစ်ပင်(၁၅၀၀)ကို ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်နယ်မှူး၏ ဦးဆောင်လမ်းညွှန်မှုနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သစ်တောဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုတို့ဖြင့် ဌာနဆိုင်ရာ များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၅၇၀) ဦးတို့က ပူးပေါင်း ပါဝင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။


ဆုမွန်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)