ဗမာနိုင်ငံမဟုတ်ဘူး မြန်မာနိုင်ငံဆိုတာကို ပြောပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏သား ဦးအောင်ဆန်းဦး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗမာနိုင်ငံမဟုတ်ဘူး မြန်မာနိုင်ငံဆိုတာကို ပြောပြသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၏သား ဦးအောင်ဆန်းဦး


MNP ၊ ဇူလိုင် ၂၀

(၇၆)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်း၏ သား ဦးအောင်ဆန်းဦး တက်ရောက် ဂါရဝပြုခဲ့ပြီး အာဇာနည်မိသားစုဝင်များ၏ အာဇာနည်နေ့အမှတ်တရစကား ပြောဆိုရာမှာ ဦးအောင်ဆန်းဦး က မြန်မာလူမျိုးဆိုတာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ နိုင်ငံအဆင့်ကတော့ မြန်မာနိုင်ငံဆိုပြီး တော့ ဗမာနိုင်ငံမဟုတ်ဘူး၊ မြန်မာနိုင်ငံ၊ အဲဒီအတိုင်းပဲစဉ်းစားပြီးလုပ်ကိုင်မှ ယဉ်ကျေးမှုရမှာ လို့ ပြောဆိုသွားပါတယ်။

ဦးအောင်ဆန်းဦး က "အာဇာနည်တွေက မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တာဆိုတော့ လွတ်လပ်ရေးရတုန်းက ချမှတ်ထားတဲ့ ယုံကြည်မှုအပေါ် မူတည်ပြီးတော့ ရေးဆွဲထားတဲ့ ညီညွတ်မှုအခြေခံဥပဒေ က အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲဒီမှာ မြန်မာလူမျိုးဆိုတာ ဗမာ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ နိုင်ငံအဆင့်ကတော့ မြန်မာနိုင်ငံဆိုပြီး တော့ ဗမာနိုင်ငံမဟုတ်ဘူး၊ မြန်မာနိုင်ငံ၊ အဲဒီအတိုင်းပဲစဉ်းစားပြီးလုပ်ကိုင်မှ ယဉ်ကျေးမှုရမှာ။ ဒီနေ့လည်း အာဇာနည်နေ့ ပန်းခွေချပြီးရင် နှစ်မိနစ်၊ သုံးမိနစ် လောက် တိုင်းပြည်နဲ့လူမျိုး နောက် အာဇာနည်အားလုံးကို မေတ္တာပို့ အမျှပေးဝေမှာပါ။ နိုင်ငံသားတွေအနေနဲ့ အမှန်အတိုင်း စဉ်းစားတတ်ဖို့က အရေးကြီးတယ်။ ပညာရေးစနစ် စဉ်းစားပုံစဉ်းစားနည်းစနစ်ကို ပထမဆုံး အမြန်ဆုံး မြှင့်တင်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ အခုက မစဉ်းစားတတ်တဲ့သူတွေကို အချင်းချင်း မညီညွတ်အောင်လုပ်နေတဲ့ အပိုင်းတွေရှိတယ်။ ပြည်သူလူထုက စဉ်းစားပြီး ညီညီညွတ်ညွတ်နေကြဖို့ အရေးကြီးတယ်။" လို့ ပြောကြားသွားခဲ့ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)