MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်စေရေး ၊ ဂျပန်ဦးနှောက်အမှေးရောင်ရောဂါကြိုတင်ကာကွယ်ရေး ၊ ရာသီ တုပ်ကွေးရောဂါဖြစ်ပွားမှုမရှိစေရေး တို့အတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ်လုပ်ငန်းနှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်း ကို ယနေ့ နံနက်(၉)နာရီအချိန်က ကိုင်းရှည်ကျေးရွာ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ရောဂါ နှင့် ဂျပန်ဦးနှောက်အမှေးရောင်ရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် ပိုးလောက်လန်းများနှင့် ခြင် များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ ၊ ရေတွင်း ရေကန်များ ၊ကြာရှည်သိုလှောင်ထိန်းသိမ်း ထားနိုင်သည့် ရေပုံးများကို အဘိတ်ဆေးခတ်ခြင်း ၊ ဘုရားပန်းအိုးများရေလဲလှယ်ရန်အသိပညာပေးခြင်း နှင့် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီမှ အဖွဲ့(၄)ဖွဲ့ခွဲကာ ကိုင်းရှည် ကျေးရွာအတွင်းရှိ အောင်သုခလမ်းမကြီးတစ်လျှောက်နှင့် ဖြတ် လမ်းများတွင် စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန မှ ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များ ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များက စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ကြီးကြပ်မှု ကော်မတီ ထံမှသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment