MNP ၊ ဇူလိုင် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လည် ၁ နာရီခွဲအချိန်က မက်မွန်မုန်းကျေးရွာအုပ်စု၊ အမှတ်(၂)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် က မြန်မာနိုင်ငံ၏အထိမ်းအမှတ်နေ့များ၊ အာဇာနည်နေ့၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေပြုံးပွင့်အောင်နှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို အာဇာနည်နေ့အကြောင်း သိကောင်းစရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး၍ စာဖတ်ဝိုင်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment