Pages

Pages

အုတ်တွင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးမှု သတ်မှတ်လျာထားချက် ပြည့်မီကျော်လွန်ရေး ကွင်းဆင်းစစ်ဆေး



MNP ၊ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်အုတ်တွင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမှု သတ်မှတ်လျာထားချက် ပြည့်မီ‌ကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးလုပ်ငန်း ကြီး‌ကြပ်မှုကော်မတီမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးညီညီနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြေပုံနှင့်တိုက်ဆိုင်စစ်ဆေးပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမြေများ ရာသီအချိန်မီစိုက်ပျိုးနိုင်စေရန်နှင့် အကြောင်းမဲ့စိုက်ပျိုးထားခြင်း မရှိ/ချန်လှပ်ထားမှုများမရှိစေရေး၊ စိုက်ပျိုးဧကသတ်မှတ်လျာထားချက်ပြည့်မီရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အုတ်တွင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးမြေဧက ၈၉၁၀၀ ရှိပြီး ယမန်နေ့အထိ ၆၄၉၂၅ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်းနှင့် သတ်မှတ်လျာထားချက်ပြည့်မီကျော်လွန်ရေး သက်ဆိုင်ရာဌာနအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။


အေမင်းရည်စော

https://t.me/MyanmarNationalPost




No comments:

Post a Comment