Pages

Pages

တောင်ကုတ်မြို့နယ်၌ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seederဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကျင်းပ







MNP ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှကြီးမှူး၍ တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်း အနားကို ယနေ့ နံနက်(၉)နာရီအချိန်က ချောင်းသုံးခွကျေးရွာရှိ ကွင်းအမှတ်(၁၀၇)၊ဦးပိုင်အမှတ်(၃၅) ရှိ တောင်သူ ဦးတင်သိန်း ၏ လယ်မြေ(၅)ဧက၌ ကျင်းပ ပြုလုပ် သည်။


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း က Drum Seeder ဖြင့် စပါးတိုက်ရိုက် အစေ့ချ စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများဖြစ်သည့် တစ်ဧက မျိုးစေ့နှုန်းသက်သာခြင်း ၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း ၊ လုပ်ငန်းချိန်မြန်ဆန်ခြင်း ၊ ပြောင်းလဲ လာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တပြေးညီစိုက်ပျိုးနိုင်ခြင်း စသည်တို့ကိုရှင်းလင်းဆွေးနွေးသည်။


ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန ၊ ဦးစီးမှူး ဦးထွန်းသိန်း နှင့်ဝန်ထမ်းများ ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မှ ဦးစီးအရာရှိ ဦးတင်လင်းထွဋ် နှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများက Drum Seeder ဖြင့် မျိုးစေ့ချသရုပ်ပြပွဲ ကိုကြည့်ရှုကြပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို မြို့နယ်ဦးစီးမှူး ဦးထွန်းသိန်း ကပြန်လည် ရှင်းလင်းဆွေးနွေးသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်လင်းထွဋ်နှင့် တောင်သူများ တက် ရောက်ခဲ့ကြကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment