MNP ၊ ဇူလိုင် ၁၂
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက ပေါင်မြို့နယ် ( အထက ) ဇင်းကျိုက်ကျောင်း၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးထင်လင်းအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တာဝန်ရှိသူများ၊ လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ ကျောင်းအုပ်ကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဌ ဦးထင်လင်းအောင် က အဖွင့်အမှာ စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒေါ်တင်ဇာစိုး က လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင် လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က Moderator အဖြစ်ဆောင်ရွက်ပြီး ( အထက )ဇင်းကျိုက်ကျောင်း မှ Grade – 11 ကျောင်းသား မင်းအောင်စော က “လူငယ်နှင့်ကိုယ့်ကျင့်တရား” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Grade - 11 ကျောင်းသူ မပန်းဆုအိမ် က “လူငယ်နှင့်ယဥ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade-10 မှ မအေးသဇင်ဖူး က “ လူငယ်နှင့် စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 10 မှ မောင်နိုင်လင်းဦး က “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-10 ကျောင်းသူ မအိမ့်ဖူးစံ က "လူငယ်နှင့် နည်းပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြပြီး ( အထက )ဇင်းကျိုက် ကျောင်း မှ ကျောင်းသား၊ ကျောင်းသူများ က လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ Moderator ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး နှင့် ဆရာ ဦးနွေထက်မိုး တို့က အသီးသီး
က ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ ( အထက ) ဇင်းကျိုက်ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၆၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment