Pages

Pages

ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

             





                                    

MNP ၊ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်၊  သံတွဲခရိုင်၊   ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန.    လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင်  စာပေချစ်မြတ်နိုးသူများပါဝင်သည့် Youth Club အဖွဲ့ဝင်များက ဆြာချစ်ရေးသားသည့် "စာအုပ်ထဲမှထွက်ခဲ့ပါ" စာအုပ်ဖြင့်  ယနေ့မွန်းလွဲ၁နာရီ၌ စာဖတ်ဝိုင်းပြုလုပ်  ဆောင်ရွက်ခဲ့သည်။

      

 ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး  ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က.  စာဖတ်ဝိုင်း ပြုလုပ် ရခြင်းကြောင့် စာပေ ဖတ်ရှုသည့် အလေ့အကျင့် ကြောင့်  အသိပညာ   ဗဟုသုတများ  တိုးပွားလာ ပြီး

အမှားအမှန်ဝေဖန်  ပိုင်ခြားနိုင်မှုများ  ရရှိလာစေရန်၊  စာပေ  အကြောင်းအရာများကို  တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပြီး   စာပေအကျိုးကျေးဇူးကို  ရရှိခံစားနိုင်စေရန်    စသည့် ရည်ရွယ်ချက်များဖြင့်     စာဖတ်ဝိုင်းကို   ဆောင်ရွက်ရခြင်း    ဖြစ်ကြောင်း    ပြောကြား ခဲ့သည်။ 

  

ထို့နောက်  Youth Club အဖွဲ့ဝင်များက" စာအုပ်ထဲမှ ထွက်ခဲ့ပါ" စာအုပ်တွင် ပါရှိသည့် "စာဖတ်ပါ"ဆောင်းပါး အကြောင်းအရာများကို တစ်ဦးချင်းစီ  ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ဦးစီးအရာရှိက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment