လက်ပံတန်းမြို့၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်



MNP ၊ ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေး သူငယ်များအား အသိပညာဗဟုသုတ ရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက အ.မ.က ပန်းပင်ကုန်း ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများ ရရှိစေရန်၊ လူငယ်တစ်ဦးချင်းစီ၏ ပညာဗဟုသုတ တိုးပွားပြီး လိမ္မာယဉ်ကျေးတဲ့ လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ ငယ်စဉ်တည်းက စာပေနှင့် ရင်းနှီးကျွမ်းဝင်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်၊ အနာဂတ်ကို ပုံဖော်ထုဆစ် တည်ဆောက်နိုင်ပြီး တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှု တို့ကို အကျိုးပြုနိုင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်များ  ဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ် ရှိန်မြှင့်တင်ရေး ဟောပြောဆွေးနွေးပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို ဟောပြော ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ကျောင်းသားလူငယ်များ လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် မူးယစ်ဆေးဝါးဆိုးကျိုးများ အကြောင်းကိုလည်းကောင်း  လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ကလေးငယ် များ သိရှိလိုက်နာနိုင်ရန် Social Media အသုံးပြု၍ နည်းမျိုးစုံ ဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်စေရန် ဟောပြောဆွေးနွေးခဲ့သည်။


ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြား ပြဇာတ်များဖြင့် ပုံပြင်ပြောခြင်း၊ ကလေးများနှင့်အတူ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အာဇာနည်နေ့အထိမ်း အမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ  ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)