MNP ၊ ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက်ရည်ရွယ်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်းရှိ စက်ရုံပရဟိတ ကျောင်းတိုက်သို့သွားရောက်၍ စက်ရုံပရဟိတကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဇောတိက အား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့်တာဝန်ရှိသူများသည် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံပြည်သူများက အဆိုပါ ကျောင်းတိုက်တွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန် ကျောင်းတိုက် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် သစ်ပင်ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ် မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် မိုးတွင်းကာလတွင် ခြင်များမပေါက် ပွားနိုင်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment