MNP ၊ ဇူလိုင် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူ တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ် သက်သာစေရန်၊ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ဖွံ့ဖြိးတိုးတက် စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းအားကတ္တရာတိုးချဲ့ခင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကတ္တရာတိုးချဲ့ခင်းခြင်းလုပ်ငန်းများကို ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူပြီး စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလတွင် လုပ်ငန်းပြီးစီးရေး ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၀၀.၀၀၀)ကျပ်သန်း အကုန်အကျခံကာ အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ ကျဉ်းမြောင်းနေသည့် (၆၅.၈) ကီလိုမီတာနှင့်(၆၆.၈) ကီလိုမီတာအတွင်း အရှည်(၁)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာ လမ်းပိုင်း နေရာအား အကျယ်(၅.၅)မီတာအထိ ကတ္တရာ တိုးချဲ့ခင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
အမှတ်(၂)ခရိုင်ချင်းဆက်လမ်းသည် ခရိုင်များအတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများအတွင်းရှိ ပြည်သူ များ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ကူးလူးဆက်သွယ်ရာတွင် လွယ်ကူစေရန်အတွက် ဖောက်လုပ်ထားသည့် လမ်းတစ်လမ်းဖြစ်ကြောင်း ကတ္တရာတိုးချဲ့ခင်းခြင်းများ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment