MNP ၊ ဇူလိုင် ၁၂
မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်(၁၂)ရက် နေ့လယ် ၁ နာရီက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်၊စာစောင်ပြပွဲကို မူလွန်(၁)ကံ့ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမွန်က လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်းတို့ကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment