မိုးစပါးစံပြစိုက်ကွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးစပါးစံပြစိုက်ကွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးစိုက်ပျိုးရေးဦးစီးဌာမှ ဝန်ထမ်းများက အနီးကပ်ကြီးကြပ်





MNP ၊ ဇူလိုင် ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု ပြင်သာကျေးရွာနှင့် ဆည်ခေါင်းကျေးရွာ၌ မိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးရေး နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး နှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ စိုက်ပျိုးထားသည့် မိုးစပါးစံပြစိုက်ကွက်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရူသည်။


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ပင်လောင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်၊ နောင်တရားမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအယ်လ်အောင်ဒင်မှိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးသူ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်ဝင်းတို့က ရွှေရင်အေးနှင့် DU-12  မိုးစပါး အထွက်တိုးမြင့်မားစေရေးအတွက် မိုးစပါး ပျိုးထောင်ထားမှုအခြေအနေနှင့် နည်းစနစ် မှန်ကုန်စွာ စိုက်ပျိုးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရူသည်။


ပြင်သာကျေးရွာ၌ မိုးစပါးစံပြစိုက်ဧက (၈) ဧက၊ မျိုးစပါး စိုက်ဧက(၂)ဧက၊ ဆည်းခေါင်းကျေးရွာ၌ မျိုးစပါးစိုက်ပျိုးဧက(၃)ဧက၊ မိုးစပါးစံပြစိုက်ဧက(၂)ဧက စုစုပေါင်း မိုးစပါး စံပြစိုက်ဧက(၁၀)ဧကနှင့် မျိုးစပါးစိုက်ဧက(၅)ဧကတို့ကို စိုက်ပျိုးလျက်ရှိသည်။ မိုးစပါးစိုက် ပျိုးသည့်တောင်သူများ စပါးအထွက်နှုန်းတိုးတက်မြင့်မားရေးနှင့် မျိုးစပါးများကို စနစ်တကျ သိမ်းစည်းနိုင်စေရေးအတွက် နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ် စိုက်ပျိုးစေခဲ့ကြောင်း သိရသည်။


ခွန်အောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)