ချောင်းဦးမြို့နယ် ဟန်သစ်ဆီဆိုင်အနီးတွင် လမ်းပေါ်တက် ဆက်ကြေးတောင်းခံနေသည့် ခွေးဝဲစား PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ် ဟန်သစ်ဆီဆိုင်အနီးတွင် လမ်းပေါ်တက် ဆက်ကြေးတောင်းခံနေသည့် ခွေးဝဲစား PDF အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း





MNP ၊ ဇူလိုင် ၂၀

ချောင်းဦးမြိုနယ် ဘလွေ-ငါးယှန် ကျေးရွာချင်းဆက်လမ်းရှိ ဟန်သစ်ဆီဆိုင်အနီး စစ်ကိုင်း-မုံရွာသွားကားလမ်းမပေါ်သို့ မကြာခဏတက်၍ ဆက်ကြေးကောက်နေသော PDFအကြမ်းဖက်သမားများ၏ လုပ်ရပ်များအား လက်ခံနိုင်ခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသော ပြည်သူများသတင်းပေးချက်အရ   ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် လုံခြုံရေးအဖွဲဝင်များမှ ရှင်းလင်းတိုက်ခိုက်ခဲ့ရာ  PDF အကြမ်းဖက်အထိခိုက်ဒဏ်ရာများစွာဖြင့် ထွက်ပြေးသွားပြီး နံပါတ်မပါ(ခဲရောင်)ကား ၁ စီး၊  လမ်းလျှောက်စကားပြောစက် ၃ လုံး၊  လမ်းလျှောက်စကားပြောစက်အားသွင်းခုံ ၂ ခု၊  ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

ပြည်သူများ စိတ်အေးချမ်းသာစွာ အသုံးပြုသွားလာနေသော ပြည်သူပိုင် လမ်းမပေါ်တွင် ဆက်ကြေးကောက် ပြန်ပေးဆွဲပြီး အဖျက်အမှောင့် လုပ်ငန်းမျိုးစုံ လုပ်နေသော ခွေးဝဲစား PDF အကြမ်းဖက်သမားများသည် တော်လှန်ရေးဟု အော်ပြီး လက်နက်မဲ့ပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရင်ဆိုင်တွေ့ရသောအခါ တော်လှန်ရဲခြင်းမရှိတော့ဘဲ ခွေးပြေး ဝက်ပြေး ထွက်ပြေး တိမ်းရှောင်သွားကြသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)