MNP ၊ ဇူလိုင် ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်၌ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း၌ တွဲဖက်ဖွင့်လှစ်ထားသည့် စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေးအထက် တန်းကျောင်းရှိ ဆရာဆရာမများနှင့်တွေ့ဆုံအားပေး၍ထောက်ပံ့ရေးပစွည်းများပေးအပ်ခြင်းကို ယမန်နေ့ နေ့ လယ် ၁ နာရီ အချိန်တွင် ကျောင်းခန်း မ၌ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊မြို့နယ်ပညာရေးမှူး၊ စက်မှု ၊စိုက်ပျိုးရေး၊မွေးမြူရေး ဌာနတို့မှတာဝန်ရှိသူများတက်ရောက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ စက်မှု ၊စိုက်ပျိုးရေး၊မွေးမြူရေး ဌာနတို့မှကျောင်း၌ သင်ကြားရေးဆရာဆရာမများနှင့်တွေ့ဆုံကာ သင်ကြားရေး၊နေ ထိုင်ရေး၊စာသောက်ရေးအခက်အခဲများအားတွေ့ဆုံမေးမြန်းရာ အမှတ်(၁) အ ခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်သင်ကြားရေးဆရာ၊ဆရာမများကလက်ရှိသင်ကြားနေမှုအခြေအနေများသင်ကြားရေးအတွက်လိုအပ်ချက်အခြေအနေများအားဆွေး နွေးတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က တင်ပြချက်များအပေါ် ဖြည့်စည်းဆောင်ရွက်နိုင်ရေးအတွက်ပေါင်းစပ်ဆွေးနွေးကာသင်ကြားရေးဆရာဆရာမများအားစားသုံးဆီ၊ကြက်ဥနှင့်ခေါက်ဆွဲခြောက်များအားပေးအပ်ရာ ဆရာမများက လက်ခံရယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့သည်စက်မှု ၊စိုက်ပျိုးရေး၊မွေးမြူရေးကျောင်း
အားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment