တာချီလိတ်မြို့၌ ဒုတိယအကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ(တာချီလိတ်-မယ်ဆိုင်) နယ်စပ်ဆက်ဆံရေးအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ဒုတိယအကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ(တာချီလိတ်-မယ်ဆိုင်) နယ်စပ်ဆက်ဆံရေးအဖွဲ့ အစည်းအဝေးကျင်းပ






MNP ၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒုတိယအကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ (တာချီလိတ်-မယ်ဆိုင်) နယ်စပ်ဆက်ဆံရေးအဖွဲ့အစည်းအဝေးကို နှစ်နိုင်ငံမှတာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက 1G1-11 ဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် တာချီလိတ်နယ်စပ်ဆက်ဆံရေးရုံးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒုရဲမှူးကြီးဇော်လင်းအောင် နှင့် Mr. YOSSAPONG TULACHOM (မယ်ဆိုင်မြို့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ BLO အဖွဲ့ဝင်)တို့မှ အဖွင့်အမှာစကားပြောကြားကာ ပထမအကြိမ်(တာချီလိတ်-မယ်ဆိုင် နယ်စပ်ဆက်ဆံရေးရုံးအဖွဲ့) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေတို့အား ဆွေးနွေးခြင်း၊ မြန်မာဘက်မှ ထိုင်းနိုင်ငံသားများအားအရေးယူဆောင်ရွက်မှု၊ ထိုင်းနိုင်ငံသား တရားခံပြေးများနှင့်မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု အခြေအနေတို့အား ဆွေးနွေးတင်ပြခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် တရားခံပြေးများအား ကူညီစုံစမ်းဖမ်းဆီး/ လွှဲပြောင်းပေးအပ်မှုများ၊ နှစ်နိုင်ငံနယ်စပ်ကိစ္စများအားဆွေးနွေးခြင်း၊ ထပ်မံကျင်းပပြုလုပ်မည့် အစည်းအဝေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တာချီလိတ် နယ်စပ်ဆက်ဆံရေးရုံးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒု-ရဲမှူးကြီးဇော်လင်းအောင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒု-ခရိုင်မှူးဦးကျော်ဇေယျ၊ ကုန်သွယ်ရေး(မယ်ယန်း)မှ ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာ၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ထိုင်းနိုင်ငံမှ Mr.NARONG PHOLKID-AM ထိုင်းနိုင်ငံ၊ မယ်ဆိုင်နယ်စပ်ဆက်ဆံရေး ရုံးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား Mr.YOSSAPONG TULACHOM (မယ်ဆိုင်မြို့၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ BLO အဖွဲ့ဝင်)၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ Minister Counsellor(Police Attache)ဖြစ်သူ Police Colone Sanya Niumpradit တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့​ကြောင်း သိရသည်။


ကျော်ဇေယျာလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment