ပန်းတောင်းမြို့နယ် ဥသျှစ်ပင်အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့်ရောင်းချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စားသောက်ကုန်များ ချိုသာသောဈေးနှုန်းဖြင့်ရောင်းချ





MNP ၊ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဥသျှစ်ပင်အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား ချိုသာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။

အဆိုပါ ဈေးရောင်းချရာသို့ အမှတ်(၆)ကာကွယ်ရေးစက်ရုံ စက်ရုံမှူး ဗိုလ်မှူးကြီးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးရန်လင်းအောင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပြည်သူများသို့ ဆန်တစ်ပြည်လျင်(၂ဝ၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျင်(၂၃၀)ကျပ်၊ ဘဲဥတစ်လုံးလျှင် (၃၀၀)ကျပ်၊ ဆီတစ်ပိဿာလျင် (၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျင် (၁၂၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျင် (၈၀၀၀)ကျပ်၊ ကြက်သားတစ်ပိဿာလျင်(၈၀၀၀)ကျပ်ဖြင့်လည်းကောင်း ဟင်းသီး/ရွက်မျိုးစုံကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)