ရွှေတောင်မြို့ အလက(ချည်မျှင်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့ အလက(ချည်မျှင်)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်




MNP ၊ ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ‌လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၉:၃၀) နာရီအချိန်က ရွှေတောင်မြို့၊ အလက (ချည်မျှင်) ကျောင်းခန်းမ၌ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ‌ရေးမှူး ဆရာကြီး ဦးကျော်ဦးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်၊ ပရိသတ်ရှေ့တွင် ပြောဆို ဆွေးနွေးတတ်တဲ့ အလေ့အကျင့်‌ ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ လူငယ်စကား လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အလက(ချည်မျှင်)ကျောင်းမှ Grade-9 ကျောင်းသား၊ သူများဖြစ်ကြသော မနှင်းရတီထွန်းက" လူငယ်နှင့်အချိန်"၊ မောင်ဟိန်းထက်‌ အောင်က "လူငယ်နှင့် အသိစိတ်"၊ မရွှန်းလဲ့‌နေခြည်က "လူငယ်နှင့် ပေါင်းသင်းဆက်ဆံ‌ရေး" ၊မောင်အားမာန် က "လူငယ်နှင့် အလှအပ " ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။


အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၃၀) ဦး တက်ရောက်ခဲ့ကြပြီးစကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်စာ‌စောင်များခင်းကျင်းပြသထားရာ တက်ရောက် လာကြသောကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)