မှော်ဘီမြို့နယ်အခြေခံပညာအလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်အခြေခံပညာအလယ်တန်းကျောင်း၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ



MNP ၊ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းသိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။


ကျင်းပရာတွင်မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအေးသိန်းနှင့် အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးလှိုင်တို့က အမှာစကား အသီးသီး ပြောကြားသည်။


ဟောပြောပွဲကိုစတင်ရာ မြန်မာနိုင်ငံစာရေး ဆရာအသင်း ဗဟိုကော်မတီဝင် ဆရာရေးဆရာ ဦးဖေသော်ရီမှဥပဒေကိုလေးစားလိုက်နာ၍ လမ်းလယ်တွင်ကားတွန်းခဲ့သော ဗိုလ်ချုပ်ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဝင်းနွယ်(ပုသိမ်)က နေရာဟူသော ခေါင်းစဉ်တို့ဖြင့် ပြည့်ပြည့်စုံစုံ ကျယ်ကျယ်ပြန့်ပြန့် ဟောပြောသည်။


ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းဇော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)