မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


MNP ၊ ဇူလိုင် ၂၆      

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက မိုးတွင်းကာလဖြစ်သည့်အတွက် ခြင်များလျင်မြန်စွာ ပေါက်ဖွားနိုင်သဖြင့် ခြင်များခိုအောင်းနေထိုင်မှုမရှိနိုင်စေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် ပြည်သူများ၏ နေအိမ်များ၌ ချုံနွယ်များရှင်းလင်းခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခပ်ခြင်းများလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေများအကြောင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပမည့်အကြောင်းတို့ကို ဆွေးနွေးခဲ့သည်။


ထို့နောက် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမြတ်စောမင်းက လယ်ယာမြေဇုန်နှုန်းသတ်မှတ်နိုင်ရေးနှင့်ပတ်သက်ပြီး ယခင်နှစ်သတ်မှတ်နှုန်းထားနှင့် ယခုနှစ်အတွက် တိုးလာသည့်နှုန်းထားများကို နှိုင်းယှဉ်ပြီး ရပ်/ကျေးကော်မတီများအား ရှင်းလင်းပြောကြားခဲ့ကာ လယ်ယာမြေဇုန်နှုန်းကို ဒေသနှင့်ကိုက်ညီသည့် နှုန်းထားရရှိရေး ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက လယ်မြေ၊ ယာမြေနှင့် ဉယျဉ်ခြံမြေတို့အတွက် တစ်ဧကသတ်မှတ်နှုန်းထားများအား အပြန်အလှန် ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာဌာနက ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အစည်းအဝေးသို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအတွင်းရေးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အားချာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)