ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်




MNP ၊ ဇူလိုင် ၂၆      

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းကလုပ်ငန်းညှိနိုင်း အစည်းအဝေးပြုလုပ်ခဲ့သည်။


 ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦး က ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနက ထုတ်ပြန်ခဲ့သော အမိန့်/ညွှန်ကြားချက်များ၊ ရုံးလုပ်ငန်းများ၊ စာကြည့်တိုက်ဆိုင်ရာလုပ်ငန်းနှင့်အခြားရုံးလုပ်ငန်းများကို ဝန်ထမ်းအားလုံး ပိုမို သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ ထိုသို့  သိရှိနားလည်ထားပါမှလုပ်ငန်းများကိုအကောင်

အထည်ဖော် ဆောင်ရွက် ရာတွင် ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများ အရည်အသွေး တိုးတက် မြင့်မားပြီးရုံးလုပ်ငန်းများ ဆောင်ရွက် ရာတွင် စနစ်တကျဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်၍ အစည်းအဝေးပြုလုပ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။


ဆက်လက်၍ ရုပ်/သံ ကျွမ်းကျင်(၃)ဦးအောင်သိန်းဝေက စာကြည့်တိုက်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ဦးထွန်းလင်းကျော် ဓါတ်ပုံကျွမ်းကျင်(၂)က သတင်းဆိုင်ရာ များကိုလည်းကောင်း၊ ဝန်ထမ်းတစ်ဦးချင်းအလိုက် ပြောကြားဆွေးနွေးကြပြီးမြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)