MNP ၊ ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် နယ်မြေဒေသလုံခြုံရေးအတွက် မြို့တွင်းတွင် သွားလာနေသော ယာဉ်များအား သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးခြင်းများဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်ရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုး မြို့နယ် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့က၊ ဘူတာလမ်း၊ ရန်အောင်မြင်ဘုရားအနီး၊ မန်ဆူဘုရားအနီး၊ မန်ဆူပလာဇာရှေ့တို့တွင်လည်းကောင်း၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ မြို့တော် ခန်းမအနီးရှိ လမ်းမတော်လမ်းပေါ်နှင့် မွန်းလွဲပိုင်းတွင် ဘူတာလမ်းပေါ်တို့တွင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့၏ဘဝ အကြမ်းဖက်သမားများရန်မှ ကင်း ဝေးပြီး စိတ်အေးချမ်းလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှုခင်ကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ ဖြစ်သည့် မော်တော်ယာဉ်စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment