MNP ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို ယနေ့ နံနက်ပိုင်းက ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း မေတ္တာပေါင်းကူးလမ်းရှိ နေအိမ်များသို့သွားရောက်၍ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်း၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနိုင်မင်းအေး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ အောင်ခင်ထွေး၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း မေတ္တာပေါင်းကူးလမ်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတတ်သည့် ခြင်ကျားများပေါက်ပွားနိုင်သော ဘုရားညောင်ရေအိုးများ၊ ရေသိုလှောင်ထားသော ရေကန်များ၊ စဉ့်အိုးများ၊ ရေစည်ပိုင်းများအား အဘိတ်ဆေးခတ်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး အနီးပတ်ဝန်းကျင်တွင် ရှိသော ရေတင်ကျန်နိုင်သည့် တာယာအဟောင်းများ၊ ဘူးခွံ၊ ပုလင်းခွံ စသည်များအား ခြင်များပေါက်ပွား ခိုအောင်းမှု မရှိစေရန် သက်ဆိုင်ရာနေအိမ်ရှိ ပြည်သူများနှင့် ပူးပေါင်း ရှင်းလင်းခဲ့ကြကြောင်းသိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment