မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ မိုင်းတုံမြို့နယ်တွင် (၆)တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ မိုင်းတုံမြို့နယ်တွင် (၆)တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ကွက်များအား ကွင်းဆင်းစစ်ဆေး


MNP ၊ ဇူလိုင် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဖာချယ်ကျေးရွာ၌ (၆) တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး စိုက်ကွက်များသို့ ယနေ့နံနက် ၁၀:၀၀ နာရီက မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါစိုက်ကွက်များသို့ ​မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်၊ မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မိုင်းတုံမြို့နယ်ရဲမှူး ဦးမြင့်အောင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ပူးပေါင်း၍ စိုက်ကွက်များသို့ လှည့်လည်ကြည့်ရှု ကွင်းဆင်းစစ်ဆေးမှူများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


မျိုးကျော်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)