MNP ၊ ဇူလိုင် ၁၃
ပဲခူး တိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အထက( ရွှေတောင်)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ် ( ၃၇)၊မူးယစ်တပ်ဖွဲ့စု ပြည်မြို့မှ ရဲမှူးမျိုးမင်းက ကျောင်းသား ၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပြီး ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်စိုးက မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးအကြောင်းကို ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား ၊ကျောင်းသူ ( ၄၂၀) ဦးခန့်တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက်ပြန်လည်မေးမြန်းခဲ့ကြပြီး အထက( ရွှေတောင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီဝင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကာကွယ်တားဆီးရေးအသိပညာပေးဟောပြောပွဲကျင်းပပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment