ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲ ကျင်းပ

 






MNP ၊ ဇူလိုင် ၁၇

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) က ကြီးမှူးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီက ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ M-3 Food Center ၌ ကျင်းပသည်။


ဦးစွာ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဒီကနေ့သင်တန်မှာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာတွေကို အိမ်ခြံမြေအကျိုးဆောင်တွေ သိရှိစေရန် အတွက်ဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုတွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြည့်ကြပ်ဆောင်ရွက်ရပြီး အကျိုးဆောင်များက သတင်းပို့အဖွဲ့အစည်းဖြစ်သည့်အတွက် ပူးပေါင်ဆာင်ရွက်ရမည့် အချက်များကို သိရှိစေရန် ယခုကဲ့သို့ အသိပညာပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။


မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ရန်ကုန်တိုင်းဒုတိယဥက္ကဋ္ဌ ဒေါ်မြတ်မိုမိုမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများအကြောင်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က အသိပညာပေး ဆွေးနွေးပို့ချသည်။


ယင်းနောက် အခမ်းအနားတက်ရောက်လာကြသော မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းသူ၊အသင်းသားများက မိမိတို့သိရှိလိုသည့် “ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)