MNP ၊ ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေ ထုတ်ချေးခြင်းကို ယမန်နေ့နေ့လည် ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေ (၁)ဧကလျှင် (၂)သိန်းနှုန်းဖြင့် ချေးငွေထုတ်ချေးရခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေမှထုတ်ချေးသည့်တောင်သူများအား စီမံကိန်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ စိုက်ပျိုးရေးချေးငွေ (၁)ဧကလျှင် (၂)သိန်းနှုန်းဖြင့် ချေးယူသည့် စပါးစိုက်ပျိုးတောင်သူ (၁၅)ဦး စိုက်ဧက (၂၄၁.၁၈)ဧကအတွက် ကျပ်သိန်း (၄၉၄)သိန်းအား မိမိတို့၏ အသိသက်သေများ၊ အာမခံသူများ၊ အမွေဆက်ခံသူများဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီး တောင်သူ(၁၅)ဦးအား ချက်လက်မှတ်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး ချေးငွေရယူသူများမှ မြန်မာ့စီးပွားရေးဘဏ်တွင် တောင်သူများ ငွေထုတ်ယူပြီးကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment