ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကဒက်ချောင်းရေလျှံမှုဖြစ်သဖြင့် နေအိမ်များတွင်းသို့ ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကဒက်ချောင်းရေလျှံမှုဖြစ်သဖြင့် နေအိမ်များတွင်းသို့ ရေများဝင်ရောက်











MNP ၊ ဇူလိုင်   ၃၁

    မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်တွင်ဇူလိုင် (၂၈)ရက်မှ (၃၁)ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ကဒတ်ချောင်း ရေလျှံမှုဖြစ်ပွားပြီး ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ၀င်ရောက်ခဲ့သည်။

 

   နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့်အိမ်ထောင်စု (၅၄)စု၊ ကျား (၁၀၅)ဦး၊ မ(၁၂၂)ဦး၊ ပေါင်း (၂၂၇)ဦးတို့အား ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည့် ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ အထက(ခွဲ) (ဇေယျာမွန်)ကျောင်းသို့ ယနေ့ နံနက်(၇)နာရီမှစတင်ကာ  ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်းသိရသည်။


   အဆိုပါ ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည့် အိမ်ထောင်စုဝင်များအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ခေါက်ဆွဲခြောက် (၁)ဖာလျှင် အထုပ် (၃၀)ပါ (၇)ဖာ၊ ရေသန့် (၁)လီတာကဒ် (၅၀)ကဒ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ကယ်ဆယ်ရေးစခန်းသို့ ပြောင်း ရွှေ့နေထိုင်သည့် အိမ်ထောင်စုများ၏ နေ့လယ်စာ အား ဘဲလေး ထမင်းဆိုင်နှင့် ခိုင်ခိုင်ကျော် ထမင်းဆိုင်တို့မှ ကျွေးမွေးမည်ဖြစ်ပြီး ညနေစာအား ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းမှ ကျွေးမွေးသွားမည် ဖြစ်ပါကြောင်းနှင့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက် များအား ကျန်းမာရေးဌာနမှပူးပေါင်းဆောင်ရွက်လျက်ကြောင်းသိရသည်။

 

  သို့ဖြစ်ပါ၍ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်သည့် နေရာသို့ ကျိုက်ထိုတပ်နယ်မှ ဗိုလ်မှူး ရဲရင့်မင်းနှင့်တပ်မတော်သားများ၊ကျိုက်ထိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဆန်းနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲညွန့်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဇေယျာမွန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ ပြောင်းရွှေ့ပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း နှင့် လူ/တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)